ဇမ္ဗူတိုင်းမှာ အဖြေညှိပြရရင်
အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့
လူတိုင်းမှာ အမေရှိကြတယ်…။
မရေမရာ ပဟေဠိတွေကြောင့်
အသေအချာ အဖေမသိတောင်မှ
အမေရှိတယ်…။
ချစ်သဒ္ဓါဝေကဲ
ပြည့်တန်ဆာအမေလည်း အမေ
အကြွေးကြွယ်လှတဲ့
ဈေးသည်မအမေလည်း အမေ
အကြောင်းတရားအခြေမွဲ
သူတောင်းစားအမေလည်း အမေ
သ္မီးသားတော့ ကြီးထွားစေရောဖို့
စီးပွားအထွေထွေ စိန်ရွှေ ပတ္တမြား
အိမ်မြေကားနဲ့ ငွေသားအမွေ
ပေနိုင်မှ အမေမဟုတ်…။
ယိုင်နဲ့နဲ့တဲအတွင်း
လှဲခင်းအိပ်နေစရာ တိုးဖယ်ပေးခဲ့
အရိုးဟင်း တစ်ဖဲ့စီဝေ
ထမင်းရည်အတူသောက်
ဗိုက်မောက်တော့ အတူတူ…။
ခြင်ထောင်မရှိ ခြုံစောင်မရှိ
ခင်းအိပ်စရာ ဖြာလည်းမရှိလို့
ခြင်ကိုသွေးလှူအတူတူ
ကြမ်းပိုးသွေးလှူ အတူတူ…။
အပူကို မျှဝေခံစား
ဒုက္ခကို ပိုမိုလေးနက်စေ
ပညာအမွေ ရွှေအိုး
ရိုသားမှု ဂုဏ်သိက္ခာ
မေတ္တာ အကြင်နာမှ တပါး
အခြားပေးစရာ အထွေထွေမွဲသော်လည်း
အမေဟာ အမေပါပဲလေ………….။ ။
(အောင်လှိုင်ထွန်း)
Wednesday, May 2, 2012
Saturday, April 28, 2012
Thursday, March 22, 2012
ကဗျာတစ်ပုဒ်ရဲ့သံစဉ်
နှလုံးသည်းခြေက
ပေါက်ဖွားလာတဲ့
အချစ်တစ်ခုကို
ကဗျာတစ်ပုဒ်အဖြစ်
မ တန်ဘိုးထားကြည့်စမ်းပါ
စစ်မှန်တဲ့ချစ်ခြင်းတွေ
မ ရဲ့ရင်ထဲမှာ
ကိန်းဝပ်နေမယ်ဆိုရင်ပေါ့
ဘယ်လောက်မြတ်နိုးဖို့
ကောင်းတယ်ဆိုတာ
မ သိရှိပါလိမ့်မယ်……
ကဗျာဆရာတစ်ယောက်
မဖြစ်ချင်နေပါ
အနန္တအသင်္ချေ
တည်ရှိနေတဲ့စာသားတွေကို
ကဗျာတစ်ပုဒ်အဖြစ် ဖွဲ့နေရရင်
တမလွန်ဘ၀ကို ပျော်ရွှင်စွာနဲ့
သေပွဲဝင်ကျေနပ်နိုင်ပါတယ်….
မ ရဲ့အချစ်တွေကို
ဒီကမ္ဘာပေါ်မှာ
မပေးချင်ဆုံး
လူသားတစ်ယောက်အဖြစ်နဲ့
ကျွန်တော်ဖြစ်နေပါစေဦး
အဲဒီအချစ်တွေကို
ကဗျာတစ်ပုဒ်အဖြစ်ဖွဲ့ပြီး
ကျွန်တော်မြတ်နိုးပါရစေ…..
ဒါဟာကျွန်တော်ရင်ထဲက
မွန်မြတ်သန့်စင်တဲ့
ကဗျာတစ်ပုဒ်ရဲ့သံစဉ်ပဲ…….။
မိုးဆောင်းညရဲ့ ဒိုင်ယာရီ
ထိုညတစ်ည…..
တလောကလုံး အမှောင်ဖုံး
မိုးအမှောင်တို့
ပျော်ရွှင်မြူးကြွ
ကကြတဲ့ ညတစ်ည…….
အဲဒီညက…
ငါ့နှလုံးသား တစ်ခုလုံး
သွေးပျက်ဖွယ်ကျဆုံး
ငါ့နှလုံးသား မျက်ရည်တို့
မြစ်တစ်ခု အဖြစ်ဖန်ဆင်း
စီးဆင်းတဲ့ ညတစ်ည…………
ထိုညတစ်ည…
ဝိုးတ၀ါး လရောင်မှာ
အငြိုးကြီးစွာ ဆီးနှင်းတို့
ဖုံးလွှမ်းတဲ့ ညတစ်ည………
အဲင်္ဒီညက…
ငါ့ နှလုံးသား တစ်ခုလုံး
နွေးထွေးမှု့ အကင်းဆုံး
တလောကလုံး အမှောင်ဖုံး
မိုးအမှောင်တို့
ပျော်ရွှင်မြူးကြွ
ကကြတဲ့ ညတစ်ည…….
အဲဒီညက…
ငါ့နှလုံးသား တစ်ခုလုံး
သွေးပျက်ဖွယ်ကျဆုံး
ငါ့နှလုံးသား မျက်ရည်တို့
မြစ်တစ်ခု အဖြစ်ဖန်ဆင်း
စီးဆင်းတဲ့ ညတစ်ည…………
ထိုညတစ်ည…
ဝိုးတ၀ါး လရောင်မှာ
အငြိုးကြီးစွာ ဆီးနှင်းတို့
ဖုံးလွှမ်းတဲ့ ညတစ်ည………
အဲင်္ဒီညက…
ငါ့ နှလုံးသား တစ်ခုလုံး
နွေးထွေးမှု့ အကင်းဆုံး
အချမ်းဆုံး ညတစ်ည…………..။
အလွမ်း ဒိုင်ယာရီ
”မောင် မကိုမေ့လိုက်ပါတော့”တဲ့
ဒီစကားကို ဘယ်သူပြောတယ်ထင်လဲ
ကျွန်တော်နှလုံးသားကို ကိုင်လှုပ်
အရုပ်တစ်ရုပ်လိုကစား
ထားရာနေ စေရာသွားစေတဲ့
မောင့်ကို အရမ်းချစ်တာပဲဆိုတဲ့ မပေါ့ဗျာ....
မရေ အမေ့ခိုင်းတဲ့သူ
လွယ်သလောက်
မေ့ပေးရမဲ့ ကျွန်တော်အတွက်
ဘယ်လောက်ခက်ခဲတယ်ဆိုတာ
မသိစေချင်တယ်ဗျာ....
အတိတ်ဆိုတာ
ကျွန်တော်အတွက်တော့
ဒီစကားကို ဘယ်သူပြောတယ်ထင်လဲ
ကျွန်တော်နှလုံးသားကို ကိုင်လှုပ်
အရုပ်တစ်ရုပ်လိုကစား
ထားရာနေ စေရာသွားစေတဲ့
မောင့်ကို အရမ်းချစ်တာပဲဆိုတဲ့ မပေါ့ဗျာ....
မရေ အမေ့ခိုင်းတဲ့သူ
လွယ်သလောက်
မေ့ပေးရမဲ့ ကျွန်တော်အတွက်
ဘယ်လောက်ခက်ခဲတယ်ဆိုတာ
မသိစေချင်တယ်ဗျာ....
အတိတ်ဆိုတာ
ကျွန်တော်အတွက်တော့
အရိပ်လိုပါပဲလေ
အရိပ်ဟာ သွားရာပါသလို
သိပ်မကြာလှသေးတဲ့
အတိတ်ကာလလေးထဲမှာ
မ နဲ့အတူ...
အရိပ်ဟာ သွားရာပါသလို
သိပ်မကြာလှသေးတဲ့
အတိတ်ကာလလေးထဲမှာ
မ နဲ့အတူ...
လျှောက်လည်ခဲ့ဖူးတယ်လေ
တိတ်ဆိတ်လှတဲ့
”အရိပ်”ဆိုတဲ့ ကဖေးမှာ
ခါးဆိမ့်ဆိမ့်ကော်ဖီတစ်ခွက်ကို
နှစ်ယောက်အတူ
တိတ်ဆိတ်လှတဲ့
”အရိပ်”ဆိုတဲ့ ကဖေးမှာ
ခါးဆိမ့်ဆိမ့်ကော်ဖီတစ်ခွက်ကို
နှစ်ယောက်အတူ
သောက်ဘူးတယ်လေ.....
ကျွန်တော်တို့နှစ်ယောက်မှာ
မ က ကလေးဆိုး
ကျွန်တော်တို့နှစ်ယောက်မှာ
မ က ကလေးဆိုး
ကျွန်တော်ကအဘိုးအိုဖြစ်လို့
မ အလိုလိုက် မ အကြိုက်ဆောင်ခဲ့လို့
”အဲဒါကြောင့် မောင့်ကိုချစ်နေရတာ”တဲ့
အဲဒီစကားကြားတော့
ကျွန်တော်အူမြူးခဲ့ဘူးတယ်....
မနဲ့ကျွန်တော် ကန်တော်ကြီးလည်း
ရောက်ခဲ့ဘူးတယ်လေ
တံတားလေးရဲ့ တနေရာဟာ
ကျွန်တော်နဲ့ မ ရဲ့
သီးသန့်နေရာလေးပေါ့
အဲဒီနေရာလေးမှာ
အမှတ်တရဆိုင်းလေးတွေ
အတူထိုးခဲ့ဘူးတယ်လေ....
အတိတ်ဆိုတာကို မေ့ချင်ပေမဲ့
အတွေးထဲမှာ တရိပ်ရိပ်နဲ့
အတိတ်ရဲ့ခြေရာတွေဆီ
ကျွန်တော်တစ်ယောက်ထဲ
ရောက်ခဲ့ပြီပေါ့ မ ရယ်
တံတားဘောင်မှာ မမရဲ့
လက်ရေးလှလှလေးနဲ့
ရေးထိုးထားတဲ့ ဆိုင်းလေးတွေ
အခုထိမပျက်သေးဘူး မ ရယ်
”မောင်နဲ့ မ အမှတ်တရ”တဲ့
ဒီစာတမ်းလေးလိုပဲ မ ရဲ့အချစ်တွေ
မပျက်ပြယ်သေးရင်
ဘယ်လောက်ကောင်းလိုက်မလဲဗျာ....
မ ကိုမေ့လိုက်ပါတော့ဆိုတဲ့ မရေ
ကျွန်တော်ဟာ အတိတ်မေ့တတ်တဲ့
ဝေဒနာသည်တစ်ယောက်
မ အလိုလိုက် မ အကြိုက်ဆောင်ခဲ့လို့
”အဲဒါကြောင့် မောင့်ကိုချစ်နေရတာ”တဲ့
အဲဒီစကားကြားတော့
ကျွန်တော်အူမြူးခဲ့ဘူးတယ်....
မနဲ့ကျွန်တော် ကန်တော်ကြီးလည်း
ရောက်ခဲ့ဘူးတယ်လေ
တံတားလေးရဲ့ တနေရာဟာ
ကျွန်တော်နဲ့ မ ရဲ့
သီးသန့်နေရာလေးပေါ့
အဲဒီနေရာလေးမှာ
အမှတ်တရဆိုင်းလေးတွေ
အတူထိုးခဲ့ဘူးတယ်လေ....
အတိတ်ဆိုတာကို မေ့ချင်ပေမဲ့
အတွေးထဲမှာ တရိပ်ရိပ်နဲ့
အတိတ်ရဲ့ခြေရာတွေဆီ
ကျွန်တော်တစ်ယောက်ထဲ
ရောက်ခဲ့ပြီပေါ့ မ ရယ်
တံတားဘောင်မှာ မမရဲ့
လက်ရေးလှလှလေးနဲ့
ရေးထိုးထားတဲ့ ဆိုင်းလေးတွေ
အခုထိမပျက်သေးဘူး မ ရယ်
”မောင်နဲ့ မ အမှတ်တရ”တဲ့
ဒီစာတမ်းလေးလိုပဲ မ ရဲ့အချစ်တွေ
မပျက်ပြယ်သေးရင်
ဘယ်လောက်ကောင်းလိုက်မလဲဗျာ....
မ ကိုမေ့လိုက်ပါတော့ဆိုတဲ့ မရေ
ကျွန်တော်ဟာ အတိတ်မေ့တတ်တဲ့
ဝေဒနာသည်တစ်ယောက်
မဟုတ်လေတော့
မေ့ပစ်ရမဲ့ အစား
မေ့ပစ်ရမဲ့ အစား
တိုးလို့သာချစ်ပါရစေတော့.....မ ရယ်...။
Tuesday, March 13, 2012
မညီမျှတဲ့ ညီမျှခြင်း
တွေ့ဆုံခြင်းဆိုတာ
ခွဲခွါဖို့ အတွက်တဲ့လား
ခွဲခွါဖို့ အတွက်
ကြိုတင်ပြင်ဆင်ထားသူအတွက်
ဒီစကားလေးဟာ မထူးဆန်းပေမဲ့
ပြင်ဆင်မှုတွေ ကင်းမဲ့
စိတ်ကူးနဲ့ဆောက်တဲ့
အိမ်လေးပျက်ပြယ်လို့
တကယ်တော့ ကျွန်တော်ဟာ
ကြိုးပြတ်တဲ့ စွန်လိုပါပဲ
ထောက်တည်ရာမဲ့ ဘ၀နဲ့
အဝေးကို လွင့်ခဲ့ရပေါ့......
ဘ၀ဆိုတာကို
အချစ်လောက် တန်ဖိုးမထားခဲ့တဲ့
ကျွန်တော်ကပဲ မှားတာလား
အချစ်ဆိုတာ ဘ၀လောက်
အရေးမပါဘူးလို့ ယူဆတဲ့
မ ကပဲ မှန်တာလား မသိပေမဲ့
အဆုံးသတ် ညီမျှခြင်းကတော့
ဝေးကွာခြင်း တဲ့လေ.......
မညီမျှတဲ့ ဘ၀နှစ်ခုကို
ပေါင်းစပ်တဲ့ အခါ
ညီမျှတဲ့ ဘ၀တစ်ခုဖြစ်လာမယ်လို့
ရူးမိုက်တဲ့ မတွေးနဲ့
သင်္ချာ အတွက်မှားခဲ့တာက
ကျွန်တော်ရယ်ပါ......
မညီမျှတဲ့ ညီမျှခြင်းတွေနဲ့
ဘ၀ကို ဖြတ်သန်း
နှလုံးသာကတော့
ကန္နရီကိန္နရာ သစ္စာတည်
ပန်းပုံအလယ်မှာ
နန်းဘုံပမာ
တူစုံယှဉ်တွဲ နွှဲခဲ့ချစ်ပွဲ....
ချစ်ရည်တူမြဲ
မြူးပျော်ဆဲမှာ
ညှာတာမှုကင်း
မိုးလေပြင်းတို့
မွေ့ယူဆွဲခွါ ခွဲကြလေရာ
သြော်...ချောင်းခြားပြီကော
ကိန္နရီ ကိန္နရာ.........
မိုးစက်တို့ကျ
ရေတွက်မရ
အဲဒီညက မိုးနဲ့အတူ
မျက်ရည်မိုးတို့
ဖြိုင်ဖြိုင်ကျခဲ့
သြော်...ကိန္နရာကန္နရီ
ချောင်းတစ်ဖက်ဆီ......
ဝေးကွာခဲ့ရ
ညတစ်ညတွက်
ခုနှစ်ရာရက် ဆွေမပျက်ခဲ့
ချစ်ရည်တူမျှ
မောင်နှံလှတို့
အချစ်စွမ်းအား စွမ်းပကားကို
အားကျစိတ်ရည်
ဖြစ်မိပါသည်
ကိန္နရီ ကိန္နရာ သစ္စာတည်....
မည်မျှကွဲကွာ အမြဲသာပဲ
မခွဲခွါပဲ တူစုံတွဲကာ
ပေါင်းဖက်ရလို သစ္စာဆိုသည်
ကိန္နရီ ကိန္နရာ သစ္စာတည်း.........။
ပန်းအဘိဓာန်
ကံ့ကော်ပန်း = မပြောင်းလဲတဲ့ ထာဝရအချစ်ပါ။
ကြာပန်း = မိတ်ဆွေတွေရဲ့
ဖြူစင်မှု့မျိုးနဲ့ ခင်မင်ကြရအောင်။
ခရေပန်း = မေ့မသွားပါနဲ့ကွယ်။
ချယ်ရီပန်း = တနေ့တော့ ဝေးရဦးမယ်။
ခေါင်းလောင်းပန်း = အမြန်ဆုံး နီးခွင့်ရချင်တယ်။
ဂမုန်းပန်း = မျော်လင့်ချင်းကြီစွာနဲ့
စောင့်နေမယ့်သူပါကွယ်။
ဂန္ဓမာပန်း အဖြူ = ငြိမ်းချမ်းပါစေ။
ဆောင်တော်ကူးပန်း = မင်းကြောင့်ကိုယ့်မှာရူးရပြီ။
ဆယ့်နှစ်ရာသီပန်း = ရိုးသားဖြူစင်ခြင်း။
ဒေလီယာပန်း = မကြာခင်မှာ ဆုံတွေ့ကြရအောင်။
ဒေါနပန်း = ဒို့တတွေ လမ်းခွဲကြပါစို့။
နှင်းပန်း = အဆင်မပြေ မှု့တွေဟာ ခဏပါ။
နှင်းဆီပန်း = ကိုယ်တော့ မင်းကိုချစ်နေမိပြီ။
နေကြာပန်း = မင်းရဲ့ ဘ၀ရှေ့ရေ အဆင်ပြေ ဖို့အတွက်ကိုယ်တာဝန်ယူပါတယ်။
ပိတောက်ပန်း = မင်းဟာ ကိုယ့်အတွက်ရှားပါးတဲ့
ဆုလာဒ်တစ်ပါးပါ။
ပျားခတ်ပန်း = မင်းဟာ ဒီပန်းကလေးလို
လှပနေသူတစ်ယောက်ပါ။
ဖယောင်းပန်း = အထီးကျန်စေခြင်း ၀မ်းနည်း
ကြာပန်း = မိတ်ဆွေတွေရဲ့
ဖြူစင်မှု့မျိုးနဲ့ ခင်မင်ကြရအောင်။
ခရေပန်း = မေ့မသွားပါနဲ့ကွယ်။
ခတ္တာပန်း = အားငယ်ရသူမို့ ညှာတာပါ။
ချယ်ရီပန်း = တနေ့တော့ ဝေးရဦးမယ်။
ခေါင်းလောင်းပန်း = အမြန်ဆုံး နီးခွင့်ရချင်တယ်။
ဂန္ဓမာပန်း အ၀ါ = သတိရနေမယ်။
ဂမုန်းပန်း = မျော်လင့်ချင်းကြီစွာနဲ့
စောင့်နေမယ့်သူပါကွယ်။
စံပယ်ပန်း = မင်းရဲ့ အချစ်ကို လက်ခံလိုက်တယ်။
ဂန္ဓမာပန်း အဖြူ = ငြိမ်းချမ်းပါစေ။
ဆပ်သွားဖူးပန်း = သစ္စာမရှိသူအတွက် ၀မ်းနည်းရတယ်။
ဆောင်တော်ကူးပန်း = မင်းကြောင့်ကိုယ့်မှာရူးရပြီ။
ဆယ့်နှစ်ရာသီပန်း = ရိုးသားဖြူစင်ခြင်း။
ညမွှေးပန်း = အရာရာ မင်းအတွက်ဖြစ်စေရမယ်လို့
ကတိပြုပါတယ်။ဒေလီယာပန်း = မကြာခင်မှာ ဆုံတွေ့ကြရအောင်။
ဒန်းပန်း = ဘ၀ကို အရှုံးမပေးနဲ့။
ဒေါနပန်း = ဒို့တတွေ လမ်းခွဲကြပါစို့။
နှင်းပန်း = အဆင်မပြေ မှု့တွေဟာ ခဏပါ။
နှင်းဆီပန်း = ကိုယ်တော့ မင်းကိုချစ်နေမိပြီ။
နေကြာပန်း = မင်းရဲ့ ဘ၀ရှေ့ရေ အဆင်ပြေ
ပိတောက်ပန်း = မင်းဟာ ကိုယ့်အတွက်ရှားပါးတဲ့
ဆုလာဒ်တစ်ပါးပါ။
ပျားခတ်ပန်း = မင်းဟာ ဒီပန်းကလေးလို
လှပနေသူတစ်ယောက်ပါ။
ဖယောင်းပန်း = အထီးကျန်စေခြင်း ၀မ်းနည်း
အားငယ်ခြင်း
မြတ်လေးပန်း = ဇွဲသတ္တိရှိခြင်း
မိုးမခပန်း = လွမ်းဆွေးကြေကွဲရခြင်း
သဇင်ပန်း = ကျေးဇူးပြု၍ မမုန်းလိုက်ပါနဲ့။
သစ်ခွပန်း = ကျက်သရေ မင်္ဂလာအပေါင်းပြည့်စုံခြင်း။
သော်ကပန်း = ကိုယ့်ကို ခွင့်လွတ်ပါ။
သံလွင်ပန်း =အောင်မြင်ခြင်း ဂုဏ်ပြုခြင်း။
ရွက်လှပန်း = နှုတ်ဆက်လိုက်ပါတယ်။
ဝိုင်အိုလတ်ပန်း(ခရမ်းရောင်) = မျှော်လင့်သလို ဖြစ်လာပါစေ။
အုံးပန်း = ကံကောင်းခြင်း ။ ။
မြတ်လေးပန်း = ဇွဲသတ္တိရှိခြင်း
မိုးမခပန်း = လွမ်းဆွေးကြေကွဲရခြင်း
သဇင်ပန်း = ကျေးဇူးပြု၍ မမုန်းလိုက်ပါနဲ့။
သစ်ခွပန်း = ကျက်သရေ မင်္ဂလာအပေါင်းပြည့်စုံခြင်း။
သော်ကပန်း = ကိုယ့်ကို ခွင့်လွတ်ပါ။
သံလွင်ပန်း =အောင်မြင်ခြင်း ဂုဏ်ပြုခြင်း။
ရွက်လှပန်း = နှုတ်ဆက်လိုက်ပါတယ်။
ဝိုင်အိုလတ်ပန်း(ခရမ်းရောင်) = မျှော်လင့်သလို ဖြစ်လာပါစေ။
အုံးပန်း = ကံကောင်းခြင်း ။ ။
Sunday, March 11, 2012
တမ်းတခြင်း
အရာအားလုံးကို
ဆုံးရှုံးသွားပြီလို့
သိလိုက်ရတဲ့ လူတစ်ယောက်အတွက်
ဘယ်အ ရာတွေကို ရင်ဆိုင်ရဦးမှာလဲ
ထာဝရ ဦးညွတ်ပြီးသားပါ….
ပစ္စည်းတစ်ခု လိုအပ်နေလို့
ဆင်တူရိုမှားဖြစ်လောက်တဲ့အရာကို
အစားထိုးတာ ဖြစ်သင့်ပေမယ့်
ချစ်သူတစ်ယောက် ဆုံးရှုံးသွားလို့
သိပ်လှပါတယ်ဆိုတဲ့ ကောင်မလေးကို
အစားထိုးဖို့အတွက်
မ ပိုင်တဲ့ ကျွန်တော့နှလုံးသားကို
ဖြန့်ဝေမပေးနိုင်ဘူး…
သွားတော့လို့ဆိုတဲ့
မ ရဲ့အဆုံးမရှိ စကားတစ်ခွန်းဟာ
လွမ်းနေမယ်ဆိုတဲ့
ကျွန်တော့် ရဲ့အဆုံးမရှိ
စကားတစ်ခွန်းကို
လှောင်ရယ်ခဲ့တာ
မမေ့နိုင်သူအနေနဲ့
အမှတ်တရ ဖြစ်ပါရစေ..........။
Friday, March 2, 2012
အလွမ်းဇာတ်နဲ့ တစ်ခန်းရပ်
အလွမ်းအဆွေးဆိုတာ
တခဏ်းတနားရေးရမဲ့
အရာ မဟုတ်ပေမဲ့
တစ်ဝမ်းတစ်ခါးအရး ဘေးဖယ်လို့
ဒီအလွမ်းသမား လွမ်းရေးကြွယ်တာမို့
ရေးမိပြန်ပြီ အလွမ်းကဗျာ…….
ထားရစ်ခဲ့သူက ထားရက်တော့လဲ
ကျန်ခဲ့သူအတွက်
အလွမ်းတွေကို စာစီရေး
တမ်းတတေးကိုညည်းဆို
နွမ်းလျလျနှလုံးသားကိုနှစ်သိမ့်
တလိမ့်လိမ့်နဲ့
သြော်…အိပ်မပျော်တဲ့ညတွေ
ကုန်ဆုံးပါစေသား…….
တခါတလေတော့လဲ အလွမ်းဆိုတာ
ကိုယ်သောက်မဲ့အဆိပ်ကို
ကိုယ်တိုင်ဖော်စပ်နေသလိုပါပဲလား……
ကျွန်တော်နဲ့ ”မ“ကြား
ကောင်းကင်နဲ့ မြေပြင်လိုကွာခြားတဲ့
ဘ၀အနိမ့် အမြင့်တွေကြောင့်
ချိုမြိန်ပါတယ်ဆိုတဲ့ အချစ်တွေဟာ
ခါးသက်ခဲ့ရပြီပေါ့…….
“မ“ အတွက်ထာဝရပျော်ရွှင်မှုတွေ
မပေးနိုင်တဲ့ ကျွန်တော်ရင်ခွင်ကို
နားခိုမှုတွေရပ်ဆိုင်း
ကျောခိုင်းသွားတဲ့ “မ“ ကို
အပြစ်မတင်ရက်ပါဘူး “မ“ ရယ်…….
အလှမဖက် ဘ၀သမားသက်သက်မို့
တူနှစ်ကိုယ်တွေ့ချိန်မှာတောင်
ချိုမြိန်တဲ့ အချစ်ကြောင်း မပြောနိုင်
ဘ၀အမောတွေတွေးလို့
ကြံမှိုင်နေခဲတာက ကျွန်တော်ပါ……
အချစ်နဲ့ ဘ၀အကြား
ဗျာများလို့ အခက်ပွေ
အဆုံးမတော့ ချန်ထားရစ်လို့
အလွမ်းဇာတ်နဲ့
တစ်ခန်းရပ်ဇာတ်သိမ်းရတော့မှာပေါ့
ဖြစ်သင့်ပါတယ်လေ.......။ ။
Wednesday, February 29, 2012
အမေရဲ့ ဂုဏကျေးဇူးများ
အမေ့ကျေးဇူးနှင့် နှိုင်းယှဉ်လိုက်ရင် မဟာပထ၀ီမြေကြီးသည်
ဝါးရွက်တစ်ရွက်မျှသာ ရှိတော့၏....။
(မာတုပေါသကသုတ်)
အလွန်ကျယ်ဝန်းလှသော မဟာသမုဒ္ဒရာသည်
မိခင်မေတ္တာနဲ့ နှိုင်းယှဉ်လိုက်ပါက မဟာသမုဒ္ဒရာသည်
မိုးရေတစ်စက်မျှလောက်သာ ရှိတော့၏......။
(မာတုပေါသကသုတ်)
မိခင်သည် မည်သူ့နေရာတွင်မဆို အစားဝင်နိုင်သော်လည်း
သူ့နေရာကို မည်သူမျှ အစားမ၀င်နိုင်......။
( အမေရိကန် ဘုန်းတော်ကြီး)
လူ့လောက၏ အနာဂါတ်သည် မိခင်တို့၏
လက်တွင်းမှာသာ တည်ရှိသည်.......။
(လူဝီဒီဗြူဖို-ပြင်သစ်သမိုင်းပညာရှင်)
သင်သည် ဘရားသခင်မရှိဟု ငြင်းလိုက ငြင်းနိုင်၏
သို့သော် မိခင်မရှိဟုကား သင်မဆိုနိုင်။
နွားသိုးတစ်အုပ်သည် နွားငယ်တစ်ကောင်ကိုပင် မမွေးနိုင်၊
မိခင်မရှိပါပဲလျှက် သူရဲကောင်းများ၊စစ်ဘုရင်များ ၊စာဆိုတော်များ ၊
မပေါ်ပေါက်နိုင်ပေ ။ မိခင်သည် သိဒ္ဓတ္ထကိုတော်ကိုလည်းကောင်း၊
မိုဟာမက်ကိုသော်လည်းကောင်း၊ယေရှုကိုတော်ကိုလည်းကောင်း
ဖွားမြင်ပေး၏.......။
(ဂေါ်ကီ=ရုရှား)
ကြီးကျယ်မြင့်မြတ်သော ပုဂ္ဂိုလ်တိုင်းသည်
ထိုကြီးကျယ်မြင့်မြတ်သော အမွေကိုသူတို့၏
မိခင်များထံမှ ရရှိခဲ့ကြသည်.......။
(ဂျူးလ်(စ်)မစ်ရှေးလ် -ပြင်သစ်သမိုင်း ပညာရှင်)
လောကမှာ အမေကိုမှ မချစ်၊အမေ့ပေါ်မသိတတ်သောလူသည်
၎င်းကိုယ်တိုင်လည်း မည်သူ့ကိုမျှ ချစ်လိမ့်မည်မဟုတ်၊
တိုင်းပြည်ကိုလည်းမချစ်၊မည်သူ့ကိုမှလည်း ရိုသေမည့်သူမဟုတ်၊
မည့်သူ့ကျေးဇူးမှလည်း သိတတ်လိမ့်မည် မဟုတ်ပေ.......။
(ဆရာကြီး ဦးသုခ)
Tuesday, February 28, 2012
အဆိပ်သင့် ပန်းလိပ်ပြာ
မင်းဟာဆူးတွေဝန်းရံထားတဲ့
ပန်းတို့ရဲ့ထိပ်ထား နှင်းဆီသခင်မလေးပေါ့…..
ငါဟာ ပန်းတို့ရဲ့အချစ်ဆေး
ဝတ်ရည်လေးနဲ့
အသက်ဆက်ရတဲ့ ပန်းတို့ရဲ့ချစ်သူ
လိပ်ပြာတစ်ကောင်ပေါ့…….
လိပ်ပြာဟာ အဆိပ်မပါဘဲ
ပန်းတို့ကို လှစေခဲ့သူ
ပန်းတို့ရဲ့အလှကို
မပျက်စီးစေပဲ
ယုယပိုက်ထွေး နမ်းရှိုက်ခဲ့တဲ့
အဆိပ်မပါ ငါလိပ်ပြာဟာ
အဆိပ်ဝတ်ရည် ပြည့်လျှံနေတဲ့
လှပလန်းဆန်း အဆိပ်ပန်းကို
ယုယပိုက်ထွေး နမ်းရှိုက်မိခဲ့ပြီ
သြော်...အဆိပ်သင့်လိပ်ပြာ
ငါဟာအဆိပ်သင့် ပန်းလိပ်ပြာပေါ့......။
Monday, February 27, 2012
အတိတ် တနေရာ
`မ`ရဲ့မျက်နှာ ကဗျာဆန်လွန်း
ညှို့မျက်ဝန်းလေးလည်းရှိတယ်
မဟာဆန်တဲ့နဖူး ဖြောင့်စင်းတဲ့နှာတံ
နှတ်ခမ်းကနှင်းဆီငုံ
ဆံကေသာက ယဉ်တစ်ကိုယ်ဖုံး
ကျွန်တော် အမြင်မှာတော့
`မ`ဟာ တော်အ၀င်ဆုံး ပန်းတစ်ပွင့်ပါ…..
`မ`ရဲ့မျက်ဝန်းအကြည့်တစ်ချက်နဲ့တင်
မြွေတစ်ကောင်ရဲ့ ညို့ချက်မိတဲ့ သားကောင်လို
`မ`ရဲ့ ညို့ချက်ပြင်းပြင်း အကြည့်တစ်ချက်အောက်မှာ
ကျွန်တော့်နှလုံးသား `မ`ခြေတော်ရင်း
ဝပ်စင်းခစား ထားရာနေစေရာသွားပေါ့ `မ`ရယ်
ကံဆိုးခြင်းလား ကံကောင်းခြင်းလား မသိပေမဲ့
အဲဒီအချိန်မှာတော့ ကျွန်တော်ဟာ မဟာလူးသားပဲ
ဘာဖြစ်လို့လဲဆိုတော့
`မ`ကျွန်တော်ကို ချစ်တယ်တဲ့လေ
အဲဒီနေ့က ကမ္ဘာမှာ အပျော်ဆုံးလူသားလို့
ကျွန်တော်မော်ကြွားခဲ့ဖူးတယ်……
နှင်းဆီငုံနဲ့တူတဲ့ `မ`ရဲ့နှတ်ခမ်းလွာက
ချိုမြိန်သာယာတဲ့ ဆည်းလည်းသံလေးနဲ့
ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောတတ်တဲ့ `မ`ရဲ့အသံလေးကို
နားဆင်ခွင့်ရခဲ့တယ်လေ…..
`မ`ဟာ မဟာဆန်သလောက်
အရှက်ကြီးတတ်တယ်နော်
ရှန်ပူနံ့သင်းတဲ့ ဆံကေသာတွေက
ကျွန်တော်ကိုကြည်စယ်
မနေနိုင်လို့ ခိုးနမ်းမကျေမချမ်းနဲ့
“ ဟင်း သူခိုးလေးနော်“ တဲ့
`မ`က ကျွန်တော်ရင်ခွင်မှာ ခေါင်းမှီလို့
တစ်ရေးအိပ်ဖို့တောင်းဆိုဖူးတယ်..
ကျွန်တော်ကလည်း
ကလေးတစ်ယောက်လိုနှစ်သိမ့်
ချော့သိပ်ပေးခဲ့တယ်နော်……..
ကျွန်တော်ရင်ခွင်နန်းမှာ
ကလေးတစ်ယောက်လိုအိပ်ပျော်နေတဲ့
`မ`ရဲ့မျက်နှာ မာနတို့ကင်းစင်
အပြစ်ကင်းလိုက်တာ `မ`ရယ်
မျက်တောင်ကော့လေးတွေမှေးစင်း
အိပ်မေးကျနေပြီ အထင်နဲ့
နဖူးပြေပြေလေးကို ဖွဖွလေး
ခိုးနမ်းမိပြန်တယ်လေ..
အအိပ်ဆတ်တဲ့ `မ`က
“ ဟင်း ဒီသူခိုးလေးနော် စိတ်ဆိုးလာပြီဆိုပြီး“
မျက်စောင်းလှလှလေးထိုးပြန်ရော.
ကျွန်တော်ကျေနပ်တယ် အဲဒီမျက်စောင်းလေး
ချစ်ခြင်းတွေ အပြည့်အ၀ပါတဲ့ မျက်စောင်းလေးမို့ပါ……
ဒါကတော့ ကျွန်တော်ရဲ့ အတိတ်က
ကြည်နူးဖွယ် ပုံရိပ်လေးပါ………..
Sunday, February 26, 2012
မျှော်လင့်ခြင်း
မညှင်မသာ ခြေလှမ်းနဲ့
အကြင်နာ လမ်းခွဲမှာ
အစဉ်ထာဝရ လွမ်းနေမယ်လို့
မပြောပေမဲ့
ကျွန်တော်တို့နှစ်ယောက်လုံး လွမ်းနေကြမှာပါ….
ကျွန်တော်တို့ နှစ်ယောက်ကြား
သံသယဆိုတဲ့ တံတိုင်းကာရံလို့
နီးလျှက်နဲ့ဝေး ၃နဲ့၎ လို ကျောခြင်းကပ်
အလွမ်းဇာတ် ကိုယ်စီရေး
လမ်းခွဲခြင်းရဲ့ အဆုံးသတ်မှာ
ဒဏ်ရာကိုယ်စီနဲ့
ကိုယ့်ခရီး ကိုယ်နှင်ကြတဲ့
မျဉ်းပြိုင်နှစ်ကြောင်း ဖြစ်ခဲ့ကြီပြီလေ…..
သံသယဆိုတာ
ချစ်သူနှစ်ယောက်ကြားမှာ
အကြီးမားဆုံး အတားအဆီးဆိုတာ
အခုချိန်မှ နားလည်ပေမဲ့
နောက်ကျခဲပြီပဲလေ….
ဟို…အရင်အချိန်က
ကြည်နူးဖွယ် အနမ်းတွေဟာ
အခုချိန်မှာတော့
ငိုကြွေးလွယ် အလွမ်းတွေကိုဖန်ဆင်း
ရှန်ပူနံ့သင်းတဲ့
ပိတုန်းရောင် ကေသာတွေကိုလည်း လွမ်းတယ်….
“မောင့်ကို အရမ်းချစ်တာပဲ“ဆိုတဲ့
ညှင်းသဲ့သဲ့ “မ“ရဲ့အသံလေးကိုလည်း လွမ်းတယ်…..
ဘယ်အချိန်ဖြစ်ဖြစ်
အမြဲမှတ်မိစေတဲ့ “မ“ရဲ့ ကိုယ်သင်းနံ့လေးကိုလည်း လွမ်းတယ်….
“ဘ၀ကိုဖြတ်သန်းတဲ့ အခါ
အလွမ်းဆိုတာတွေ တွေ့ချင်တွေ့ရလိမ့်မယ်
အဲဒီအခါမှာ အလွမ်းအဆွေးဆိုတာတွေကို
ထုတ်ဖော်ခံစားနေမှာ မဟုတ်ဘူး
ဘာကြောင့်လဲဆိုရင် မရဲ့မာနအတွက်ပဲမောင်“တဲ့…..
နားလည်လိုက်ပါပြီ “မ“ရယ်
“ဆိုကရေးတီး“ဆိုတဲ့ ဒဿနဆရာကြီးက
သူ့ဂုဏ်သိက္ခာ အတွက်
အဆိပ်ခွက်ကို အပြုံးမပျက် သောက်သုံးခဲ့တယ်
“မ“ကလည်း မာနအတွက်
အလွမ်း အဆွေးဆိုတဲ့ အဆိပ်တွေကို
အပြုံးမပျက် သောက်သုံးသွားမဆိုတာ
ကျွန်တော်နားလည်ပါတယ် “မ“ရယ်
မာနတွေကွာကျလို့
နှလုံးသားရဲ့ သဘာဝအလှ
တနေ့ “မ“တွေ့ခဲ့ရင်
ကျွန်တော့နှလုံးသား တံခါးဟာ
“မ“အတွက် အဆင်သင့် ထာဝရဖွင့်ထားတယ်
ပြန်လာပါတော့
ပြန်လည်နားခိုလှည့်ပါတော့ “မ“ရယ်…..
Subscribe to:
Posts (Atom)
လေ့လာပါ
a