အမေ့ကျေးဇူးနှင့် နှိုင်းယှဉ်လိုက်ရင် မဟာပထ၀ီမြေကြီးသည်
ဝါးရွက်တစ်ရွက်မျှသာ ရှိတော့၏....။
(မာတုပေါသကသုတ်)
အလွန်ကျယ်ဝန်းလှသော မဟာသမုဒ္ဒရာသည်
မိခင်မေတ္တာနဲ့ နှိုင်းယှဉ်လိုက်ပါက မဟာသမုဒ္ဒရာသည်
မိုးရေတစ်စက်မျှလောက်သာ ရှိတော့၏......။
(မာတုပေါသကသုတ်)
မိခင်သည် မည်သူ့နေရာတွင်မဆို အစားဝင်နိုင်သော်လည်း
သူ့နေရာကို မည်သူမျှ အစားမ၀င်နိုင်......။
( အမေရိကန် ဘုန်းတော်ကြီး)
လူ့လောက၏ အနာဂါတ်သည် မိခင်တို့၏
လက်တွင်းမှာသာ တည်ရှိသည်.......။
(လူဝီဒီဗြူဖို-ပြင်သစ်သမိုင်းပညာရှင်)
သင်သည် ဘရားသခင်မရှိဟု ငြင်းလိုက ငြင်းနိုင်၏
သို့သော် မိခင်မရှိဟုကား သင်မဆိုနိုင်။
နွားသိုးတစ်အုပ်သည် နွားငယ်တစ်ကောင်ကိုပင် မမွေးနိုင်၊
မိခင်မရှိပါပဲလျှက် သူရဲကောင်းများ၊စစ်ဘုရင်များ ၊စာဆိုတော်များ ၊
မပေါ်ပေါက်နိုင်ပေ ။ မိခင်သည် သိဒ္ဓတ္ထကိုတော်ကိုလည်းကောင်း၊
မိုဟာမက်ကိုသော်လည်းကောင်း၊ယေရှုကိုတော်ကိုလည်းကောင်း
ဖွားမြင်ပေး၏.......။
(ဂေါ်ကီ=ရုရှား)
ကြီးကျယ်မြင့်မြတ်သော ပုဂ္ဂိုလ်တိုင်းသည်
ထိုကြီးကျယ်မြင့်မြတ်သော အမွေကိုသူတို့၏
မိခင်များထံမှ ရရှိခဲ့ကြသည်.......။
(ဂျူးလ်(စ်)မစ်ရှေးလ် -ပြင်သစ်သမိုင်း ပညာရှင်)
လောကမှာ အမေကိုမှ မချစ်၊အမေ့ပေါ်မသိတတ်သောလူသည်
၎င်းကိုယ်တိုင်လည်း မည်သူ့ကိုမျှ ချစ်လိမ့်မည်မဟုတ်၊
တိုင်းပြည်ကိုလည်းမချစ်၊မည်သူ့ကိုမှလည်း ရိုသေမည့်သူမဟုတ်၊
မည့်သူ့ကျေးဇူးမှလည်း သိတတ်လိမ့်မည် မဟုတ်ပေ.......။
(ဆရာကြီး ဦးသုခ)
No comments:
Post a Comment