2012အတာသင်္ကြန်ကိုကြိုဆိုပါတယ်ဗျာသူငယ်ချင်းတွေအားလုံးရွှင်လန်းချမ့်မြေ့နိုင်ကြပါစေ
Welcome Myspace Comments
http://api.ning.com/files/pDKZ9tL-6LLQo1aWI0kccD4lVmeWnjH0acdQmj9tpBD7rA1eA*Gc28oCMIOtGabwS9YkSYFdNj5OH6F9Qw2Ig*Pil*fCp4j5/WelcomeMM1.gif
စိတ်ကြိုက် ဈာပန
တွန်းလှည်းကြိတ်သံ တဂျီိဂျီ
ခြေသံတရှပ်ရှပ် ဆေးဝါးရနံ့
ငိုကြွေးနံ့တွေနဲ့
အဖြူရောင်ဝတ်စုံတွေကြား
အသက်ရှူပိုက်ကို ရှိုက်ရင်းနဲ့
ငါမသေဆုံးပါရစေနဲ့……
ငါကိုယ်တိုင် မြင်နေရတဲ့ ငါ့ခန္ဓာကို
ဘယ်သူတစ်ဦးတစ်ယောက်မှ
မျက်ရည်ပိတ်ဖြူ မအုပ်စေနဲ့
သူ့ဘာသာ လွတ်လပ်ပါစေ
လွန်စွာသန့်ရှင်းစင်ကြယ်သော
ငါ့ဖခင် ဘုရားသခင်က ငါ့ပေါ်မိုးပြီး
ကောင်းချီးပေးလိမ့်မည်
သင်တို့လည်း နာယူပါ
သတိ မငိုပါနဲ့…….
ငါ့အသားအရိးု အဖြူရောင်သွေးတွေနဲ့
သနံရည်တွေထည့်ဖို့
အနက်ရောင် သေတ္တာရှည်တစ်လုံး မ၀ယ်ပါနဲ့
အနက်ရောင်ကို ငါမုန်းတယ်
ခေါင်းတလားထဲပန်းတွေထည့်ပြီး
ငါနဲ့အတူ လောင်ကျွမ်းမပစ်လိုက်ပါနဲ့
ပြာအိုးယူဖို့ မမျှော်ပါနဲ့
သံစားမီးက ငါ့အသားကိုမ၀ါးနိုင်ဘူး
ဝါးစိမ်းနက်နက်ကို ခြောက်ကွက်ယက်ပြီး
မြစ်ဆုံလမ်းခွ မျှောမချလိုက်ပါနဲ့
အပြစ်မဲ့တဲ့ရေကို သနားပါ
ငါ့ကိုခေါ်သွားမဲ့ရေကို အားနာပါ၊
ငါ့ခန္ဓာက စစ်ချမဲ့ အရည်နဲ့ အနံ့ကို
ငါတာဝန်မယူနိုင်ဘူး……
အရယ်အပြုံးတွေကင်း
ဝမ်းနည်းမှုနဲ့ ငိုကြွေးမှုတို့ မရှင်သန်တဲ့နေရာ
ထာဝရ မဖြစ်တည်တဲ့နေရာမှာပဲ
ငါ့ခန္ဓာတစ်ကိုယ်စာကို
တူးဆွယက်ဖော်ပေးပါ ၊
ငါ့ခေါင်းတည့်တည့်ကို
နေမင်းဖုံးတဲ့အချိန်
လေအေးတစ်ချက်ဝေ့၀ှိုက်တဲ့အချိန်
အဲဒီအချိန်မှာ အားလုံးပြုံးရယ်ရင်း
ငါ့ကိုမြေဖို့ပေးကြပါတော့……
ပြီးတော့……
ခနော်ခနဲ့ မှတ်တိုင်အစား
ငါ့နှလုံးသားတည့်တည့်ပေါ်
သစ်ရာ.တစ်ပင်လာက်စိုက်ပေးလျှင်ဖြင့်
သင်တို့တာဝန်ကျေပါပြီ……
သင်တို့တာဝန်ကျေပါပြီ…….
မတည်မြဲတဲ့ ငါ့ခန္ဓာကို
တည်မြဲသရောင်ထင်ရတဲ့
မြေထုထဲသို့ဘဲ တိုးဝှေ့ပစ်လိုက်တော့မယ်ကွယ်
ငါ့ကိုခွင့်လွတ်ကြပါ…..
ခွင့်လွတ်ကြပါ……
နှုတ်ဆက်ခဲ့ပါတယ်….
နောက်ပြီး မင်းတို့အားလုံးကိုလည်း
ငါစောင့်နေမယ်
မင်းတို့ အခုမမြင်နိုင်သေးတဲ့ တနေရာမှာပေါ့
သွားပြီ….
ထာဝရ ထွက်ခွာသွားပြီ
ငါ့ကိုလက်ခုပ်လက်ဝါးတီးပြီးအားပေးကြပါ
ကမ္ဘာသစ်တစ်ခုခုမှာပဲ
ပြန်တွေ့ကြတာပေါ့ ဟုတ်တယ်မလား
အဲဒီရောက်မှတွေ့ကြမယ်
ကမ္ဘာဦးလူသားတွေ အနေနဲ့ပေါ့……..။
သိုးဆောင်းစာအုပ်ထဲမှ ကျွန်တော်ကြိုက်လို့ ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။