`မ`ရဲ့မျက်နှာ ကဗျာဆန်လွန်း
ညှို့မျက်ဝန်းလေးလည်းရှိတယ်
မဟာဆန်တဲ့နဖူး ဖြောင့်စင်းတဲ့နှာတံ
နှတ်ခမ်းကနှင်းဆီငုံ
ဆံကေသာက ယဉ်တစ်ကိုယ်ဖုံး
ကျွန်တော် အမြင်မှာတော့
`မ`ဟာ တော်အ၀င်ဆုံး ပန်းတစ်ပွင့်ပါ…..
`မ`ရဲ့မျက်ဝန်းအကြည့်တစ်ချက်နဲ့တင်
မြွေတစ်ကောင်ရဲ့ ညို့ချက်မိတဲ့ သားကောင်လို
`မ`ရဲ့ ညို့ချက်ပြင်းပြင်း အကြည့်တစ်ချက်အောက်မှာ
ကျွန်တော့်နှလုံးသား `မ`ခြေတော်ရင်း
ဝပ်စင်းခစား ထားရာနေစေရာသွားပေါ့ `မ`ရယ်
ကံဆိုးခြင်းလား ကံကောင်းခြင်းလား မသိပေမဲ့
အဲဒီအချိန်မှာတော့ ကျွန်တော်ဟာ မဟာလူးသားပဲ
ဘာဖြစ်လို့လဲဆိုတော့
`မ`ကျွန်တော်ကို ချစ်တယ်တဲ့လေ
အဲဒီနေ့က ကမ္ဘာမှာ အပျော်ဆုံးလူသားလို့
ကျွန်တော်မော်ကြွားခဲ့ဖူးတယ်……
နှင်းဆီငုံနဲ့တူတဲ့ `မ`ရဲ့နှတ်ခမ်းလွာက
ချိုမြိန်သာယာတဲ့ ဆည်းလည်းသံလေးနဲ့
ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောတတ်တဲ့ `မ`ရဲ့အသံလေးကို
နားဆင်ခွင့်ရခဲ့တယ်လေ…..
`မ`ဟာ မဟာဆန်သလောက်
အရှက်ကြီးတတ်တယ်နော်
ရှန်ပူနံ့သင်းတဲ့ ဆံကေသာတွေက
ကျွန်တော်ကိုကြည်စယ်
မနေနိုင်လို့ ခိုးနမ်းမကျေမချမ်းနဲ့
“ ဟင်း သူခိုးလေးနော်“ တဲ့
`မ`က ကျွန်တော်ရင်ခွင်မှာ ခေါင်းမှီလို့
တစ်ရေးအိပ်ဖို့တောင်းဆိုဖူးတယ်..
ကျွန်တော်ကလည်း
ကလေးတစ်ယောက်လိုနှစ်သိမ့်
ချော့သိပ်ပေးခဲ့တယ်နော်……..
ကျွန်တော်ရင်ခွင်နန်းမှာ
ကလေးတစ်ယောက်လိုအိပ်ပျော်နေတဲ့
`မ`ရဲ့မျက်နှာ မာနတို့ကင်းစင်
အပြစ်ကင်းလိုက်တာ `မ`ရယ်
မျက်တောင်ကော့လေးတွေမှေးစင်း
အိပ်မေးကျနေပြီ အထင်နဲ့
နဖူးပြေပြေလေးကို ဖွဖွလေး
ခိုးနမ်းမိပြန်တယ်လေ..
အအိပ်ဆတ်တဲ့ `မ`က
“ ဟင်း ဒီသူခိုးလေးနော် စိတ်ဆိုးလာပြီဆိုပြီး“
မျက်စောင်းလှလှလေးထိုးပြန်ရော.
ကျွန်တော်ကျေနပ်တယ် အဲဒီမျက်စောင်းလေး
ချစ်ခြင်းတွေ အပြည့်အ၀ပါတဲ့ မျက်စောင်းလေးမို့ပါ……
ဒါကတော့ ကျွန်တော်ရဲ့ အတိတ်က
ကြည်နူးဖွယ် ပုံရိပ်လေးပါ………..
No comments:
Post a Comment