မညှင်မသာ ခြေလှမ်းနဲ့
အကြင်နာ လမ်းခွဲမှာ
အစဉ်ထာဝရ လွမ်းနေမယ်လို့
မပြောပေမဲ့
ကျွန်တော်တို့နှစ်ယောက်လုံး လွမ်းနေကြမှာပါ….
ကျွန်တော်တို့ နှစ်ယောက်ကြား
သံသယဆိုတဲ့ တံတိုင်းကာရံလို့
နီးလျှက်နဲ့ဝေး ၃နဲ့၎ လို ကျောခြင်းကပ်
အလွမ်းဇာတ် ကိုယ်စီရေး
လမ်းခွဲခြင်းရဲ့ အဆုံးသတ်မှာ
ဒဏ်ရာကိုယ်စီနဲ့
ကိုယ့်ခရီး ကိုယ်နှင်ကြတဲ့
မျဉ်းပြိုင်နှစ်ကြောင်း ဖြစ်ခဲ့ကြီပြီလေ…..
သံသယဆိုတာ
ချစ်သူနှစ်ယောက်ကြားမှာ
အကြီးမားဆုံး အတားအဆီးဆိုတာ
အခုချိန်မှ နားလည်ပေမဲ့
နောက်ကျခဲပြီပဲလေ….
ဟို…အရင်အချိန်က
ကြည်နူးဖွယ် အနမ်းတွေဟာ
အခုချိန်မှာတော့
ငိုကြွေးလွယ် အလွမ်းတွေကိုဖန်ဆင်း
ရှန်ပူနံ့သင်းတဲ့
ပိတုန်းရောင် ကေသာတွေကိုလည်း လွမ်းတယ်….
“မောင့်ကို အရမ်းချစ်တာပဲ“ဆိုတဲ့
ညှင်းသဲ့သဲ့ “မ“ရဲ့အသံလေးကိုလည်း လွမ်းတယ်…..
ဘယ်အချိန်ဖြစ်ဖြစ်
အမြဲမှတ်မိစေတဲ့ “မ“ရဲ့ ကိုယ်သင်းနံ့လေးကိုလည်း လွမ်းတယ်….
“ဘ၀ကိုဖြတ်သန်းတဲ့ အခါ
အလွမ်းဆိုတာတွေ တွေ့ချင်တွေ့ရလိမ့်မယ်
အဲဒီအခါမှာ အလွမ်းအဆွေးဆိုတာတွေကို
ထုတ်ဖော်ခံစားနေမှာ မဟုတ်ဘူး
ဘာကြောင့်လဲဆိုရင် မရဲ့မာနအတွက်ပဲမောင်“တဲ့…..
နားလည်လိုက်ပါပြီ “မ“ရယ်
“ဆိုကရေးတီး“ဆိုတဲ့ ဒဿနဆရာကြီးက
သူ့ဂုဏ်သိက္ခာ အတွက်
အဆိပ်ခွက်ကို အပြုံးမပျက် သောက်သုံးခဲ့တယ်
“မ“ကလည်း မာနအတွက်
အလွမ်း အဆွေးဆိုတဲ့ အဆိပ်တွေကို
အပြုံးမပျက် သောက်သုံးသွားမဆိုတာ
ကျွန်တော်နားလည်ပါတယ် “မ“ရယ်
မာနတွေကွာကျလို့
နှလုံးသားရဲ့ သဘာဝအလှ
တနေ့ “မ“တွေ့ခဲ့ရင်
ကျွန်တော့နှလုံးသား တံခါးဟာ
“မ“အတွက် အဆင်သင့် ထာဝရဖွင့်ထားတယ်
ပြန်လာပါတော့
ပြန်လည်နားခိုလှည့်ပါတော့ “မ“ရယ်…..
No comments:
Post a Comment