ပန်းပုံအလယ်မှာ
နန်းဘုံပမာ
တူစုံယှဉ်တွဲ နွှဲခဲ့ချစ်ပွဲ....
ချစ်ရည်တူမြဲ
မြူးပျော်ဆဲမှာ
ညှာတာမှုကင်း
မိုးလေပြင်းတို့
မွေ့ယူဆွဲခွါ ခွဲကြလေရာ
သြော်...ချောင်းခြားပြီကော
ကိန္နရီ ကိန္နရာ.........
မိုးစက်တို့ကျ
ရေတွက်မရ
အဲဒီညက မိုးနဲ့အတူ
မျက်ရည်မိုးတို့
ဖြိုင်ဖြိုင်ကျခဲ့
သြော်...ကိန္နရာကန္နရီ
ချောင်းတစ်ဖက်ဆီ......
ဝေးကွာခဲ့ရ
ညတစ်ညတွက်
ခုနှစ်ရာရက် ဆွေမပျက်ခဲ့
ချစ်ရည်တူမျှ
မောင်နှံလှတို့
အချစ်စွမ်းအား စွမ်းပကားကို
အားကျစိတ်ရည်
ဖြစ်မိပါသည်
ကိန္နရီ ကိန္နရာ သစ္စာတည်....
မည်မျှကွဲကွာ အမြဲသာပဲ
မခွဲခွါပဲ တူစုံတွဲကာ
ပေါင်းဖက်ရလို သစ္စာဆိုသည်
ကိန္နရီ ကိန္နရာ သစ္စာတည်း.........။
No comments:
Post a Comment