အလွမ်းအဆွေးဆိုတာ
တခဏ်းတနားရေးရမဲ့
အရာ မဟုတ်ပေမဲ့
တစ်ဝမ်းတစ်ခါးအရး ဘေးဖယ်လို့
ဒီအလွမ်းသမား လွမ်းရေးကြွယ်တာမို့
ရေးမိပြန်ပြီ အလွမ်းကဗျာ…….
ထားရစ်ခဲ့သူက ထားရက်တော့လဲ
ကျန်ခဲ့သူအတွက်
အလွမ်းတွေကို စာစီရေး
တမ်းတတေးကိုညည်းဆို
နွမ်းလျလျနှလုံးသားကိုနှစ်သိမ့်
တလိမ့်လိမ့်နဲ့
သြော်…အိပ်မပျော်တဲ့ညတွေ
ကုန်ဆုံးပါစေသား…….
တခါတလေတော့လဲ အလွမ်းဆိုတာ
ကိုယ်သောက်မဲ့အဆိပ်ကို
ကိုယ်တိုင်ဖော်စပ်နေသလိုပါပဲလား……
ကျွန်တော်နဲ့ ”မ“ကြား
ကောင်းကင်နဲ့ မြေပြင်လိုကွာခြားတဲ့
ဘ၀အနိမ့် အမြင့်တွေကြောင့်
ချိုမြိန်ပါတယ်ဆိုတဲ့ အချစ်တွေဟာ
ခါးသက်ခဲ့ရပြီပေါ့…….
“မ“ အတွက်ထာဝရပျော်ရွှင်မှုတွေ
မပေးနိုင်တဲ့ ကျွန်တော်ရင်ခွင်ကို
နားခိုမှုတွေရပ်ဆိုင်း
ကျောခိုင်းသွားတဲ့ “မ“ ကို
အပြစ်မတင်ရက်ပါဘူး “မ“ ရယ်…….
အလှမဖက် ဘ၀သမားသက်သက်မို့
တူနှစ်ကိုယ်တွေ့ချိန်မှာတောင်
ချိုမြိန်တဲ့ အချစ်ကြောင်း မပြောနိုင်
ဘ၀အမောတွေတွေးလို့
ကြံမှိုင်နေခဲတာက ကျွန်တော်ပါ……
အချစ်နဲ့ ဘ၀အကြား
ဗျာများလို့ အခက်ပွေ
အဆုံးမတော့ ချန်ထားရစ်လို့
အလွမ်းဇာတ်နဲ့
တစ်ခန်းရပ်ဇာတ်သိမ်းရတော့မှာပေါ့
ဖြစ်သင့်ပါတယ်လေ.......။ ။
No comments:
Post a Comment